နောက်ခံသမိုင်းကြောင်း
ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းသည် ၇-၃-၂၀၁၆ ရက်နေ့တွင် ယဥ်ကျေးမှုဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့ပါသည်။ညောင်ရွှေမြို့မှ (၄)မိုင်ခန့်အကွာ မိုင်းသောက်ကားလမ်းဘေး ဝါးတော်ကျေးရွာနှင့် မန်ကျည်းစင်ရွာအနီး တောင်ခြေမြင်းစခွန့် ကျေးရွာအုပ်စုတွင် တည်ရှိပါသည်။ကျောင်းအုပ်ကြီးအဖြစ် ဦးစိုင်းကျော်ကျော်ခိုင် M.E(Mechanical) မှ ယခုအချိန်ထိ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ရည်မှန်းချက်
- ဒေသတွင်းလိုအပ်ချက်နှင့်ကိုက်ညီသောဘာသာရပ်များလေ့ကျင့်သင်ကြားပေးရန်
- ကျောင်းသားများ၏စိတ်ဝင်စားမှု၊ရည်မှန်းချက်များနှင်ကိုက်ညီသောသင်ယူလေ့လာမှု နည်းလမ်းကောင်းများညွှန်ပြပေးရန်
- ကျောင်းသားများအတွက်အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေရန်
မျှော်မှန်းချက်
- ဒေသအတွက်လိုအပ်သောအရည်အချင်းရှိ၍စည်းကမ်းကောင်းမွန်ပြီးကျွမ်းကျင်လူငယ်နှင့်ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်သောကျောင်းတစ်ကျောင်းဖြစ်လာစေရန်။
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သောကာလ |
---|---|---|---|
၁ | ဦးစိုင်းကျော်ကျော်ခိုင် | ME(Mechanical) | ၇.၃.၂၀၁၆ မှ ယနေ့ထိ |